2022

ဝမ်းနည်းကြောင်းကြေညာချက် ဇွန်လ ၁၁ ရက်

ဝမ်းနည်းကြောင်းကြေညာချက် ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ဂန့်ဂေါမြို့မှ WE LOVE တံတားကိုဖြတ်၍ အနောက်ဂန့်ဂေါသို့ အကြမ်းဖက် စကစတပ် အင်အား ၆၀ ခန့်ဖြင့်ဝင်ရောက်လာရာ YDF တပ်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပါသည်။ ထိုထိတွေ့မှု တိုက်ပွဲတွင် စကစဘက်မှနှစ်ဦးသေဆုံး၍ အလောင်းကို ည ၉ နာရီအချိန်တွင် ကောက်ယူသွားခဲ့သလို မိမိတို့ YDFဘက် မှလည်း အင်အားများသော စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း အာဇာနည် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါသည်။ ကျဆုံးသွားသော ရဲဘော် ၂ ဦးအား တိုင်းပြည်အတွက် အသက်ကို ပေးသွားသော အာဇာနည်များအဖြစ် ထာဝရ မှတ်တမ်းတင်ပြီး ဝမ်းနည်းစွာဖြင့် ဂုဏ်ပြုကာ စစ်အာဏာရှင်စနစ်ကို အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း မိမိတို့ […]

ဝမ်းနည်းကြောင်းကြေညာချက် ဇွန်လ ၁၁ ရက် Read More »

အလှူခံခြင်း ဇွန်လ ၄ ရက်

ရှေ့မျက်နှာ နောက်ထား အလှူခံပါရစေ ခင်ဗျ။ ကျွန်တော်တို့ YDF မှ ထိခိုက် ဒဏ်ရာရထားတဲ့ ရဲဘော်တချို့ကို ဆေးကုသပေးရပါတယ်။ YDF မှာ ကိုယ်ပိုင် ဆေးရုံ တည်ဆောက်ပြီး တိုက်ပွဲမှာ ထိခိုက် ဒဏ်ရာရသူတွေကို အရေးပေါ် ခွဲစိပ်ကုသတာတွေ၊ နာမကျန်း လူနာတွေကို ကုသပေးတာ၊ ဒေသခံ ပြည်သူတွေကို ကုသပေးတာတွေ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ သို့သော် တချို့သော တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရ လူနာများကို အရေးပေါ် အသက်ကယ်တင်ပြီးနောက် နောက်ဆက်တွဲ ကုသဖို့ YDF ရဲ့ ဆေးရုံက ကုလို့ မနိုင်တဲ့ သူတွေကို ကုသပေးနိုင်မယ့် တခြားသော လွတ်မြောက် နယ်မြေတွေကို ပို့ဆောင် ကုသမှုတွေ လုပ်ရပါတယ်။ ကျွန်တော်တို့ဟာ အစားအသောက်ကို ချွေတာနိုင်ပေမယ့် ဒဏ်ရာရ ရဲဘော်တွေကို

အလှူခံခြင်း ဇွန်လ ၄ ရက် Read More »

တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်

 တိုက်ပွဲသတင်းထုတ်ပြန်ချက်၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်  ယနေ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ တွင် ကျောမြို့ ကပစ (၂၃) ၌ တပ်စွဲထားသော အင်အား စစ်ကား အစီး(၆၀) နှင့် သံချပ်ကာယန္တရား အပါအဝင် စစ်ကြောင်းသည် ဂန့်ဂေါမြို့သို့ ဦးတည်၍ ချီတက်လာရာ မိမိတို့ ယောဒသ ကာကွယ်ရေး တပ်ဖွဲ့က (၂) ကြိမ် ဆီးကြိုတိုက်ခိုက်ခဲ့သည်။  ပထမ တိုက်ပွဲအဖြစ် နံနက် (၈) နာရီ အချိန်ခန့်တွင် ကျောမြို့ ကပစ (၂၃) မှ ထွက်ခွာလာသော စစ်ကောင်စီ ယာဥ်တန်း (၈) စီး ကို ပုံညာတောင်တန်းအဆင်း၌ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁၃) မှ စစ်ကြောင်းမှူးဦးစီး

တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက် Read More »

Scroll to Top
Scroll to Top