
ယောနယ်ပြည်သူလူထုများသိရှိစေရန်
ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်ရန် PEOPLE DEFENSE FORCE (AOI) အမည်ဖြင့် 19.6.2021ရက်စွဲဖြင့် Online ပေါ်တွင်ထွက်ပေါ်လာသော အဖွဲ့အစည်းသည် ကျွန်ုပ်တို့ YDF အားတစ်စုံတစ်ရာဆက်သွယ်လာခြင်းမရှိသလို ဘယ်သူတွေဦးဆောင်ဖွဲ့စည်းလုပ်ကိုင်နေသည်ကိုလည်း လုံးဝမသိရှိရပါ။
သို့ဖြစ်ပါ၍ ၄င်း PDF (AOI) မှပြုလုပ်သောမည်သည့်ကိစ္စရပ်များမဆို ကျွန်ုပ်တို့ YDF နှင့်လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်းကြိုတင်အသိပေးအပ်ပါသည်။
ယနေ့ ( ၂၀.၆.၂၀၂၁ ) ရက်နေ့တွင်ဖြစ်သွားသော ဘော်ပြင်းရွာမှ ပြည်သူနှစ်ဦး အသတ်ခံရသည့် ကိစ္စသည်လည်း YDF နှင့်လုံးဝသက်ဆိုင်ခြင်းမရှိပါ။
ထပ်မံအသိပေးလိုသည်မှာ စစ်ကောင်စီအလိုကျလိုက်လံပြုလုပ်ပေးနေသော ပျူစောထီးအဖွဲ့များလည်းရှိနေပြီဆိုတာကို သိထားကြပါရန်ပြောကြားလိုပါသည်။
ကျွန်ုပ်တို့ YDF အနေဖြင့် အပြစ်မဲ့ပြည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်နစ်နာစေရန် လုံးဝပြုလုပ်မည်မဟုတ်ပါ။
ယင်းကဲ့သို့ အပြစ်မဲ့ပြည်သူများထိခိုက်စေရန်ပြုလုပ်သော ပုဂ္ဂိုလ်များအပါအဝင် YDF အပေါ်ပြည်သူများ၏ယုံကြည်မှုပျက်ပြားစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဖန်တီးပုံဖော်နေသော အဖွဲ့အစည်းများကိုလည်း စုံစမ်းဖော်ထုတ်ကာ ထိရောက်သောအရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါသည်။
ယောဒေသကာကွယ်ရေးတပ်ဖဲွ့(YDF) ၏တရားဝင် page မှ တင်ပြအပ်ပါသည်။