



ရှေ့မျက်နှာ နောက်ထား အလှူခံပါရစေ ခင်ဗျ။
ကျွန်တော်တို့ YDF မှ ထိခိုက် ဒဏ်ရာရထားတဲ့ ရဲဘော်တချို့ကို ဆေးကုသပေးရပါတယ်။ YDF မှာ ကိုယ်ပိုင် ဆေးရုံ တည်ဆောက်ပြီး တိုက်ပွဲမှာ ထိခိုက် ဒဏ်ရာရသူတွေကို အရေးပေါ် ခွဲစိပ်ကုသတာတွေ၊ နာမကျန်း လူနာတွေကို ကုသပေးတာ၊ ဒေသခံ ပြည်သူတွေကို ကုသပေးတာတွေ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။
သို့သော် တချို့သော တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရ လူနာများကို အရေးပေါ် အသက်ကယ်တင်ပြီးနောက် နောက်ဆက်တွဲ ကုသဖို့ YDF ရဲ့ ဆေးရုံက ကုလို့ မနိုင်တဲ့ သူတွေကို ကုသပေးနိုင်မယ့် တခြားသော လွတ်မြောက် နယ်မြေတွေကို ပို့ဆောင် ကုသမှုတွေ လုပ်ရပါတယ်။
ကျွန်တော်တို့ဟာ အစားအသောက်ကို ချွေတာနိုင်ပေမယ့် ဒဏ်ရာရ ရဲဘော်တွေကို ကုသပေးရေးမှာ ချွေတာလို့ မရပါ။ ကုန်ကျစရိတ်တွေရှိလာရင် ဆေးရုံတွေက တောင်းတဲ့ ဈေးအတိုင်း ပေးရပါတယ်။ လူနာစောင့်တွေ ထားရတဲ့ ကုန်ကျစရိတ်၊ လမ်းစရိတ်၊ ဆေးဝါးစရိတ် စသဖြင့် ကုန်ကျမှုတွေ အင်မတန် များပါတယ်။
ကုန်ကျမှု များလို့ ရဲဘော်တစ်ယောက် ဒဏ်ရာရနေတာကို ဒီအတိုင်း မျက်စိမှိတ် ကြည့်မနေနိုင်ပါ။ လိုအပ်သလို ရှာဖွေ ဆေးကုရပါတယ်။ တခါတလေ ပိုက်ဆံချေးပြီး ကုကြပါတယ်။ အကြွေးယူပြီး ဆေးကုတာဟာ ကောင်းမွန်တဲ့ အဖြေတော့ မဟုတ်ပါဘူး။ ပြန်မဆပ်နိုင်ဘဲ ကြာနေရင် နောက် တစ်ယောက်ကို ထပ်ကုတဲ့အခါ ထပ်ပြီး ချေးယူလို့ မရတော့ပါဘူး။
အခုလည်း တိုင်းတပါးက ဆေးရုံမှာ ဆေးကုသမှု ခံနေရတဲ့ YDF ရဲဘော် တချို့ကို ဆေးကုသစရိတ်တွေ အကုန်ခံ ကုသထားပြီး အကြွေးတချို့လည်း တင်နေပါတယ်။
ဒီအတွက် ဖြစ်နိုင်မယ် ဆိုရင် ဒဏ်ရာရ ရဲဘော်တွေကို ဆေးကုသပေးဖို့ လှူဒါန်းပေးကြပါဦးလို့ .. ရှေ့မျက်နှာ နောက်ထား အကူအညီတောင်းပါရစေ။
ကူညီ လှူဒါန်း ပေးကြပါဦး ခင်ဗျ။