
မင်္ဂလာပါ
(ပွဲတက်မည့် လင့်ကို ဖေါ်ပြထားပါသည်။)
ဇွန်လ (၂၅)ရက်နေ့ ၂၀၂၂ မနက်ဖြန် စနေနေ့ – ညနေ (၇)နာရီအချိန်မှာ ယောဒသကာကွယ်ရေးတပ် (YDF) ရဲ့ တနှစ်ပြည့်အခမ်းအနားနှင့် YDF ၏ တနှစ်တာဆောင်ရွက်ချက်များအား ပြည်သူလူထုထံရှင်းလင်းတင်ပြပွဲ Online Live Event ကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးနှင့် ဒုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်ဝေစိုး၊ နိုင်ကောင်းရွက်၊ ဒေါ်အိသဉ္ဇာမောင်၊ ဦးကျော်နီတို့မှ အထူးဧည့်သည်တော်အဖြစ် အမှာစကားများ တက်ရောက်ချီးမြှင့် ပြောကြားပေးမည် ဖြစ်သည့်အပြင် ဖော်ပြပါ ဧည့်သည်တော်များမှလည်း တက်ရောက်ကာ အမှာစကားများ အားပေးစကားများ ပြောကြားပေးသွားမည်ဖြစ်သည့်အတွက် ပြည်သူတို့အနေနှင့် မပျက်မကွက်တက်ရောက် ကြည့်ရှူနားထောင်ပေးကြပါရန် လေးစားစွာ ထပ်မံပန်ကြားအပ်ပါတယ်ခင်ဗျာ
ယောဒသကာကွယ်ရေးတပ် (YDF) မှ တာဝန်ရှိသူများမှလည်း YDF တနှစ်တာ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကိုလည်း ပြည်သူလူထုထံသို့ ရှင်းလင်းတင်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်
Online Event ကို YDF Page အပြင် Mizzima – News in Burmese , Burma VJ , မြေလတ်အသံ , The Pillars , OFP-Official ပြည်သူ့ဂုဏ်ရည် နွေဦးစုဗူး တို့မှလည်း တိုက်ရိုက် ထုတ်လွှင့်သွားပါမယ်ခင်ဗျာ
ယောဒေသကာကွယ်ရေးတပ် (YDF)