Dave OnFire

စစ်ကောင်စီအကြောင်း တစ်ခွန်းမှ မဟရဲတဲ့ UN အတွင်းရေးမှူးကြီး ဦးသန့်ရဲ့ မြေး Thant Myint U

နိုင်ငံရေးသမားလိုလို ပညာရှင်လိုလို ဘာသာရေး ယောင်ယောင် ဝေဖန်ရေးယောင်ယောင်စစ်ကောင်စီအကြောင်း တစ်ခွန်းမှ မဟရဲတဲ့ UN အတွင်းရေးမှူးကြီး ဦးသန့်ရဲ့ မြေး Thant Myint U ဒေါက်တာ သန့်မြင့်ဦး လို Havard University ဟားဗက် ကျောင်းဆင်းပြီး Cambridge (ကိန်းဘရစ်) က ဒေါက်တာ ဘွဲ့ယူခဲ့တဲ့ သမိုင်းပညာရှင် နိုင်ငံရေးကျွမ်းကျင်သူကြီးကို ငါတို့နိုင်ငံ အတွက်တော့ အရေးကြုံရင် အားကိုးရမှာပဲလို့ ထင်ခဲ့မိတယ်။ တကယ့်တကယ် အရေးကြီးတော့ဘယ်သူမှ ထင်မထားတဲ့ ဘယ်သူ့မြေး ဘယ်သူ့ သားသမီးမှ မဟုတ်တဲ့ ကိုယ့်မွေးနေ့လဲ မသိ မီးဖိုချောင်ထဲမှာ မွေးခဲ့တဲ့ ချင်းတောင်က တောသားလေး တစ်ယောက်က ကမ္ဘာ့မျက်နှာစာမှာ ကိုယ့်တိုင်းပြည် အတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်ပေးနေတယ်။ ၁၉ ဇူလိုင် ၂၀၂၁ […]

စစ်ကောင်စီအကြောင်း တစ်ခွန်းမှ မဟရဲတဲ့ UN အတွင်းရေးမှူးကြီး ဦးသန့်ရဲ့ မြေး Thant Myint U Read More »

မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း

ချင်းပြည်နယ် မင်းတပ်မြို့နှင့် မကွေးတိုင်း ထိစပ်နေသောဒေသရှိ ရွှေအောင်သာကျေးရွာ ရွှေတွင်းတူးကျေးရွာ အနီးတွင် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ ဇူလိုင်လ ၂၁ ရက် ယနေ့နံနက် ၇ နာရီခွဲမှ စ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံတဉီးထံမှ သိရသည်။ တိုက်ပွဲအသေးစိတ်နှင့်အကျအဆုံးသတင်းကိုတော့ စုံစမ်းနေဆဲပါ. မင်းတပ်မြို့သို့ ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များအားယနေ့ မြင်တွေ့နေရပုံ…ဘေးကင်းပါစေမင်းတပ်သူရဲကောင်းများ……. (ခုချိန်မှာတိုက်ပွဲ ပြင်းထန်သောနေရာတွေမှာ တော်လှန်ရေးခလေးအတွက်.အကူအညီလိုအပ်လို့နေပါပြီ.ဘယ်အဖွဲ့အစည်းမှပါဝင်ကူညီမှု့မရှိ.) တိုက်ပွဲသတင်းအတည်ပြု လားပွယ်……. ၂၁.၇.၂၁ crd…

မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း Read More »

ကျဆုံးသွားသော အာဇာနည်အပေါင်းအား ဂုဏ်ပြုဦးညွှတ်လျက်

ကျဆုံးသွားသော အာဇာနည်အပေါင်းအားဂုဏ်ပြုဦးညွှတ်လျက် လူမျိုးကြီးဝါဒဖယ်ရှားကြ အာဇာနည်ဟာကိုးဦးမက #၁၉ဇူလိုင်မမေ့နိုင်#အာဇာနည်မျိုး_သေရိုးမရှိ

ကျဆုံးသွားသော အာဇာနည်အပေါင်းအား ဂုဏ်ပြုဦးညွှတ်လျက် Read More »

ကြေညာချက်အမှတ် (၆/၂၀၂၁)

ယောနယ်ပြည်သူလူထုများသိရှိစေရန် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်ရန် PEOPLE DEFENSE FORCE (AOI) အမည်ဖြင့် 19.6.2021ရက်စွဲဖြင့် Online ပေါ်တွင်ထွက်ပေါ်လာသော အဖွဲ့အစည်းသည် ကျွန်ုပ်တို့ YDF အားတစ်စုံတစ်ရာဆက်သွယ်လာခြင်းမရှိသလို ဘယ်သူတွေဦးဆောင်ဖွဲ့စည်းလုပ်ကိုင်နေသည်ကိုလည်း လုံးဝမသိရှိရပါ။ သို့ဖြစ်ပါ၍ ၄င်း PDF (AOI) မှပြုလုပ်သောမည်သည့်ကိစ္စရပ်များမဆို ကျွန်ုပ်တို့ YDF နှင့်လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်းကြိုတင်အသိပေးအပ်ပါသည်။ ယနေ့ ( ၂၀.၆.၂၀၂၁ ) ရက်နေ့တွင်ဖြစ်သွားသော ဘော်ပြင်းရွာမှ ပြည်သူနှစ်ဦး အသတ်ခံရသည့် ကိစ္စသည်လည်း YDF နှင့်လုံးဝသက်ဆိုင်ခြင်းမရှိပါ။ ထပ်မံအသိပေးလိုသည်မှာ စစ်ကောင်စီအလိုကျလိုက်လံပြုလုပ်ပေးနေသော ပျူစောထီးအဖွဲ့များလည်းရှိနေပြီဆိုတာကို သိထားကြပါရန်ပြောကြားလိုပါသည်။ ကျွန်ုပ်တို့ YDF အနေဖြင့် အပြစ်မဲ့ပြည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်နစ်နာစေရန် လုံးဝပြုလုပ်မည်မဟုတ်ပါ။ ယင်းကဲ့သို့ အပြစ်မဲ့ပြည်သူများထိခိုက်စေရန်ပြုလုပ်သော ပုဂ္ဂိုလ်များအပါအဝင် YDF အပေါ်ပြည်သူများ၏ယုံကြည်မှုပျက်ပြားစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဖန်တီးပုံဖော်နေသော အဖွဲ့အစည်းများကိုလည်း စုံစမ်းဖော်ထုတ်ကာ ထိရောက်သောအရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါသည်။ ယောဒေသကာကွယ်ရေးတပ်ဖဲွ့(YDF)

ကြေညာချက်အမှတ် (၆/၂၀၂၁) Read More »

Scroll to Top
Scroll to Top