YDF Operations

ကြေညာချက်အမှတ် (၈/၂၀၂၁)

မိဘပြည်သူများ အမြင်ရှင်းစေရန် – ဖြေရှင်းချက် ယခုစာနှင့်ပက်သက်၍ GGWPDF အဖွဲ့မှထုတ်ပြန်ခဲ့ပါသည် မိမိတို့နှင့်တစ်ဖွဲ့တည်းဖြစ်ပါကြောင်း အတည်ပြုပြောကြားလိုပါတယ် နောက်နောင်တွင် YDF အဖွဲ့နံမည်နှင့်ပဲ စာထုတ်ပြန်ခြင်းများဆောင်ရွက်ပါမည်။ Non cdm EPC ရုံးအဖွဲနှင့် စည်ပင်ရုံးအဖွဲ့အား ပြင်းထန်စွာသတိပေးကြေညာချက်ထုတ်ပြန်လိုက်ပါသည်။ #YAWDEFENSEFORCE_YDF

ကြေညာချက်အမှတ် (၈/၂၀၂၁) Read More »

တိုက်ပွဲသတင်းထုတ်ပြန်ချက် – ဇူလိုင် ၂ရက်

တိုက်ပွဲသတင်းထုတ်ပြန်ချက်  ဇူလိုင်လ ၂ ရက်၊ ၂၀၂၂ ခုနှစ် မနက်ပိုင်း 10:40 မိနစ်ခန့်တွင် ထလင်းရွာထဲမှထွက်လာသော အင်အားနှစ်ရာကျော်ပါစစ်ကြောင်းနှင့် YDF တပ်ရင်း 6/7/8/15 တို့မှ လက်ရွေးစင် ပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့‌တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ YDFဘက်မှ စခများ စုတတ်သည့်နေရာတွင်ကြိုတင်ထောင်ထားသည့် ရှေ့ထွက်မိုင်းခြောက်လုံးအသုံးပြုတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ကစဉ့်ကလျားတပ်ပျက်နေချိန်တွင် အပေါ်စီးမှနေရာယူပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။ တပ်ပျက်နေချိန်တွင် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။  ထိုတိုက်ပွဲမှာ 45 မိနစ်ကျော်ကြာ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ထီးလင်းမြို့ထဲမှ လက်နက်ကြီးပစ်ကူပေးမှုများရှိခဲ့ပါသည်။ စခများပြန်ဆုတ်၍ ထီးလင်းမြို့နားရောက်ချိန်တွင် မြို့ထဲမှကားနှစ်စီး အကြိုလာရပြီး အလောင်းနှင့် ဒဏ်ရာရများတင်သွားပါသည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ တစ်ချို့တပ်သားများသည် သေနတ်နှစ်လက်၊သုံးလက်ထမ်းပိုးရသူများ အတော်များများတွေ့ရပြီး မိုင်းဆွဲသမားများနှင့် ရိုင်ဖယ်သမားများ မျက်မြင်ပြောပြချက်အရ မုန့်ဟင်းခါးပွဲရေ ဆယ့်ငါးပွဲထက်မနည်း ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိပါသည်။ ပွဲရေထပ်တိုးနိုင်ပါသေးသည်။ ထိုတိုက်ပွဲတွင် မိမိတို့ YDF ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး

တိုက်ပွဲသတင်းထုတ်ပြန်ချက် – ဇူလိုင် ၂ရက် Read More »

YDF ၏ တနှစ်တာဆောင်ရွက်ချက်များအား ပြည်သူလူထုထံရှင်းလင်းတင်ပြပွဲ Online Live Event

မင်္ဂလာပါ(ပွဲတက်မည့် လင့်ကို ဖေါ်ပြထားပါသည်။)  ဇွန်လ (၂၅)ရက်နေ့ ၂၀၂၂ မနက်ဖြန် စနေနေ့ – ညနေ (၇)နာရီအချိန်မှာ ယောဒသကာကွယ်ရေးတပ် (YDF) ရဲ့ တနှစ်ပြည့်အခမ်းအနားနှင့် YDF ၏ တနှစ်တာဆောင်ရွက်ချက်များအား ပြည်သူလူထုထံရှင်းလင်းတင်ပြပွဲ Online Live Event ကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးနှင့် ဒုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်ဝေစိုး၊ နိုင်ကောင်းရွက်၊ ဒေါ်အိသဉ္ဇာမောင်၊ ဦးကျော်နီတို့မှ အထူးဧည့်သည်တော်အဖြစ် အမှာစကားများ တက်ရောက်ချီးမြှင့် ပြောကြားပေးမည် ဖြစ်သည့်အပြင် ဖော်ပြပါ ဧည့်သည်တော်များမှလည်း တက်ရောက်ကာ အမှာစကားများ အားပေးစကားများ ပြောကြားပေးသွားမည်ဖြစ်သည့်အတွက် ပြည်သူတို့အနေနှင့် မပျက်မကွက်တက်ရောက် ကြည့်ရှူနားထောင်ပေးကြပါရန် လေးစားစွာ ထပ်မံပန်ကြားအပ်ပါတယ်ခင်ဗျာ ယောဒသကာကွယ်ရေးတပ် (YDF) မှ တာဝန်ရှိသူများမှလည်း YDF တနှစ်တာ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကိုလည်း ပြည်သူလူထုထံသို့ ရှင်းလင်းတင်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်  Online

YDF ၏ တနှစ်တာဆောင်ရွက်ချက်များအား ပြည်သူလူထုထံရှင်းလင်းတင်ပြပွဲ Online Live Event Read More »

YDF တစ်နှစ်ပြည့်အခမ်းအနားနှင့်တစ်နှစ်တာလုပ်ဆောင်ချက်များအားပြည်သူလူထုထံတင်ပြ မိတ်ဆက်ပွဲတိုက်ရိုက်(live)ထုတ်လွှင့်ပြသသွားမည်

မိဘပြည်သူများခင်ဗျာ…. ကျွန်ုပ်တို့(ယောဒေသကာကွယ်ရေးတပ်(YDF)တစ်နှစ်ပြည့်အခမ်းအနားနှင့်တစ်နှစ်တာလုပ်ဆောင်ချက်များအားပြည်သူလူထုထံတင်ပြ မိတ်ဆက်ပွဲ )အစီအစဥ်ကို Yaw Defense Force (YDF) Facebook Pageနှင့် သတင်းမီဒီယာများမှလည်း တိုက်ရိုက်(live)ထုတ်လွှင့်ပြသသွားပေးသွားမှာဖြစ်၍ မိဘပြည်သူများအနေဖြင့် စောင့်မျှော်ကြည့်ရှုပေးကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။

YDF တစ်နှစ်ပြည့်အခမ်းအနားနှင့်တစ်နှစ်တာလုပ်ဆောင်ချက်များအားပြည်သူလူထုထံတင်ပြ မိတ်ဆက်ပွဲတိုက်ရိုက်(live)ထုတ်လွှင့်ပြသသွားမည် Read More »

ယောဒေသကာကွယ်ရေးတပ်(YDF)တည်ထောင်မှုတနှစ်ပြည့်အထိမ်းအမှတ်နှင့် လှုပ်ရှားမှုများအား ပြည်သူထံတင်ပြခြင်း အခမ်းအနား

ယောဒေသကာကွယ်ရေးတပ်(YDF)တည်ထောင်မှုတနှစ်ပြည့်အထိမ်းအမှတ်နှင့် လှုပ်ရှားမှုများအား ပြည်သူထံတင်ပြခြင်း အခမ်းအနားကို ၂၅ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပ မှာ ဖြစ်ပြီး အစီအစဉ် အသေးစိတ်ကို ဆက်လက်ကြေညာသွားပါမည်။  

ယောဒေသကာကွယ်ရေးတပ်(YDF)တည်ထောင်မှုတနှစ်ပြည့်အထိမ်းအမှတ်နှင့် လှုပ်ရှားမှုများအား ပြည်သူထံတင်ပြခြင်း အခမ်းအနား Read More »

ဝမ်းနည်းကြောင်း သဝဏ်လွှာ – ဇွန်လ ၁၄ ရက်

ဝမ်းနည်းကြောင်း သဝဏ်လွှာ ShweBo Defense Force(SBDF)၏ဦးဆောင်သူ ဗိုလ်သံမဏိသည် ( 9.6.2022 )ရက်နေ့ ဝက်လက်တိုက်ပွဲတွင် ကျဆုံးသွားသည်ကိုကြားသိရသဖြင့် မဟာမိတ်အဖွဲ့အစည်းဖြစ်သော မိမိတို့Yaw Defense Force(YDF)မှများစွာစိတ်မကောင်းဖြစ်ရပါသည်။ မိမိတို့YDFသည် SBDFနဲ့ တော်လှန်ရေးလုပ်ငန်းစဥ်များကို ယနေ့ထိ အချိန်ကြာမြင့်စွာ ပူးတွဲလုပ်ဆောင်ခဲ့ကြပြီး တဖက်နှင့်တဖက် မဟာမိတ်ကောင်းပီသစွာ အပြန်အလှန်ကူညီမှုများ ၊ဖေးမမှုများ၊ သဘောထားကြီးမှုများနှင့် ညီအကိုရင်းသဖွယ် လက်တွဲလုပ်ဆောင်လာခဲ့ကြပါသည်။ မိမိတို့YDFမှ SBDFဦးဆောင်သူ ဗိုလ်သံမဏိ နှင့် ကျဆုံးရဲ​​​ေဘာ်များ၏ရဲရင့်မှုကိုဂုဏ်ပြုရင်းတော်လှန်ရေး၏မှတ်ကျောက်အဖြစ် အခိုင်အမာမှတ်တမ်းတင်အပ်ပါသည်။

ဝမ်းနည်းကြောင်း သဝဏ်လွှာ – ဇွန်လ ၁၄ ရက် Read More »

(ထားဝယ်)ကော်လာထိုးအဖွဲ့ – ဇွန်လ ၁၁ရက်

အခက်အခဲများကြားမှ မိမိတို့ YDFကိုထောက်ပံ့ပေးသော “(ထားဝယ်)ကော်လာထိုးအဖွဲ့”ကို အထူးကျေးဇူးတင်ရှိပါသည်။

(ထားဝယ်)ကော်လာထိုးအဖွဲ့ – ဇွန်လ ၁၁ရက် Read More »

ဝမ်းနည်းကြောင်းကြေညာချက် ဇွန်လ ၁၁ ရက်

ဝမ်းနည်းကြောင်းကြေညာချက် ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ဂန့်ဂေါမြို့မှ WE LOVE တံတားကိုဖြတ်၍ အနောက်ဂန့်ဂေါသို့ အကြမ်းဖက် စကစတပ် အင်အား ၆၀ ခန့်ဖြင့်ဝင်ရောက်လာရာ YDF တပ်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပါသည်။ ထိုထိတွေ့မှု တိုက်ပွဲတွင် စကစဘက်မှနှစ်ဦးသေဆုံး၍ အလောင်းကို ည ၉ နာရီအချိန်တွင် ကောက်ယူသွားခဲ့သလို မိမိတို့ YDFဘက် မှလည်း အင်အားများသော စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း အာဇာနည် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါသည်။ ကျဆုံးသွားသော ရဲဘော် ၂ ဦးအား တိုင်းပြည်အတွက် အသက်ကို ပေးသွားသော အာဇာနည်များအဖြစ် ထာဝရ မှတ်တမ်းတင်ပြီး ဝမ်းနည်းစွာဖြင့် ဂုဏ်ပြုကာ စစ်အာဏာရှင်စနစ်ကို အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း မိမိတို့

ဝမ်းနည်းကြောင်းကြေညာချက် ဇွန်လ ၁၁ ရက် Read More »

Scroll to Top
Scroll to Top