Announcements

ကြေညာချက်အမှတ် (၈/၂၀၂၁)

မိဘပြည်သူများ အမြင်ရှင်းစေရန် – ဖြေရှင်းချက် ယခုစာနှင့်ပက်သက်၍ GGWPDF အဖွဲ့မှထုတ်ပြန်ခဲ့ပါသည် မိမိတို့နှင့်တစ်ဖွဲ့တည်းဖြစ်ပါကြောင်း အတည်ပြုပြောကြားလိုပါတယ် နောက်နောင်တွင် YDF အဖွဲ့နံမည်နှင့်ပဲ စာထုတ်ပြန်ခြင်းများဆောင်ရွက်ပါမည်။ Non cdm EPC ရုံးအဖွဲနှင့် စည်ပင်ရုံးအဖွဲ့အား ပြင်းထန်စွာသတိပေးကြေညာချက်ထုတ်ပြန်လိုက်ပါသည်။ #YAWDEFENSEFORCE_YDF

ကြေညာချက်အမှတ် (၈/၂၀၂၁) Read More »

တိုက်ပွဲသတင်းထုတ်ပြန်ချက် – ဇူလိုင် ၂ရက်

တိုက်ပွဲသတင်းထုတ်ပြန်ချက်  ဇူလိုင်လ ၂ ရက်၊ ၂၀၂၂ ခုနှစ် မနက်ပိုင်း 10:40 မိနစ်ခန့်တွင် ထလင်းရွာထဲမှထွက်လာသော အင်အားနှစ်ရာကျော်ပါစစ်ကြောင်းနှင့် YDF တပ်ရင်း 6/7/8/15 တို့မှ လက်ရွေးစင် ပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့‌တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ YDFဘက်မှ စခများ စုတတ်သည့်နေရာတွင်ကြိုတင်ထောင်ထားသည့် ရှေ့ထွက်မိုင်းခြောက်လုံးအသုံးပြုတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ကစဉ့်ကလျားတပ်ပျက်နေချိန်တွင် အပေါ်စီးမှနေရာယူပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။ တပ်ပျက်နေချိန်တွင် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။  ထိုတိုက်ပွဲမှာ 45 မိနစ်ကျော်ကြာ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ထီးလင်းမြို့ထဲမှ လက်နက်ကြီးပစ်ကူပေးမှုများရှိခဲ့ပါသည်။ စခများပြန်ဆုတ်၍ ထီးလင်းမြို့နားရောက်ချိန်တွင် မြို့ထဲမှကားနှစ်စီး အကြိုလာရပြီး အလောင်းနှင့် ဒဏ်ရာရများတင်သွားပါသည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ တစ်ချို့တပ်သားများသည် သေနတ်နှစ်လက်၊သုံးလက်ထမ်းပိုးရသူများ အတော်များများတွေ့ရပြီး မိုင်းဆွဲသမားများနှင့် ရိုင်ဖယ်သမားများ မျက်မြင်ပြောပြချက်အရ မုန့်ဟင်းခါးပွဲရေ ဆယ့်ငါးပွဲထက်မနည်း ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိပါသည်။ ပွဲရေထပ်တိုးနိုင်ပါသေးသည်။ ထိုတိုက်ပွဲတွင် မိမိတို့ YDF ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး

တိုက်ပွဲသတင်းထုတ်ပြန်ချက် – ဇူလိုင် ၂ရက် Read More »

ဝမ်းနည်းကြောင်း သဝဏ်လွှာ – ဇွန်လ ၁၄ ရက်

ဝမ်းနည်းကြောင်း သဝဏ်လွှာ ShweBo Defense Force(SBDF)၏ဦးဆောင်သူ ဗိုလ်သံမဏိသည် ( 9.6.2022 )ရက်နေ့ ဝက်လက်တိုက်ပွဲတွင် ကျဆုံးသွားသည်ကိုကြားသိရသဖြင့် မဟာမိတ်အဖွဲ့အစည်းဖြစ်သော မိမိတို့Yaw Defense Force(YDF)မှများစွာစိတ်မကောင်းဖြစ်ရပါသည်။ မိမိတို့YDFသည် SBDFနဲ့ တော်လှန်ရေးလုပ်ငန်းစဥ်များကို ယနေ့ထိ အချိန်ကြာမြင့်စွာ ပူးတွဲလုပ်ဆောင်ခဲ့ကြပြီး တဖက်နှင့်တဖက် မဟာမိတ်ကောင်းပီသစွာ အပြန်အလှန်ကူညီမှုများ ၊ဖေးမမှုများ၊ သဘောထားကြီးမှုများနှင့် ညီအကိုရင်းသဖွယ် လက်တွဲလုပ်ဆောင်လာခဲ့ကြပါသည်။ မိမိတို့YDFမှ SBDFဦးဆောင်သူ ဗိုလ်သံမဏိ နှင့် ကျဆုံးရဲ​​​ေဘာ်များ၏ရဲရင့်မှုကိုဂုဏ်ပြုရင်းတော်လှန်ရေး၏မှတ်ကျောက်အဖြစ် အခိုင်အမာမှတ်တမ်းတင်အပ်ပါသည်။

ဝမ်းနည်းကြောင်း သဝဏ်လွှာ – ဇွန်လ ၁၄ ရက် Read More »

ဝမ်းနည်းကြောင်းကြေညာချက် ဇွန်လ ၁၁ ရက်

ဝမ်းနည်းကြောင်းကြေညာချက် ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ဂန့်ဂေါမြို့မှ WE LOVE တံတားကိုဖြတ်၍ အနောက်ဂန့်ဂေါသို့ အကြမ်းဖက် စကစတပ် အင်အား ၆၀ ခန့်ဖြင့်ဝင်ရောက်လာရာ YDF တပ်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပါသည်။ ထိုထိတွေ့မှု တိုက်ပွဲတွင် စကစဘက်မှနှစ်ဦးသေဆုံး၍ အလောင်းကို ည ၉ နာရီအချိန်တွင် ကောက်ယူသွားခဲ့သလို မိမိတို့ YDFဘက် မှလည်း အင်အားများသော စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း အာဇာနည် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါသည်။ ကျဆုံးသွားသော ရဲဘော် ၂ ဦးအား တိုင်းပြည်အတွက် အသက်ကို ပေးသွားသော အာဇာနည်များအဖြစ် ထာဝရ မှတ်တမ်းတင်ပြီး ဝမ်းနည်းစွာဖြင့် ဂုဏ်ပြုကာ စစ်အာဏာရှင်စနစ်ကို အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း မိမိတို့

ဝမ်းနည်းကြောင်းကြေညာချက် ဇွန်လ ၁၁ ရက် Read More »

ယောဒေသတိုက်ပွဲသတင်းထုတ်ပြန်ချက်

ယောဒေသတိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၈ရက်၊ဇူလိုက်လ၊၂၀၂၁ခုနှစ် နံနက် (၇) နာရီခွဲ၌ ဂန့်ဂေါ-ထီးလင်းလမ်းတွင် YDF ထီးလင်း တပ်ဖွဲ့မှ စစ်ကောင်စီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ စခ (၂၀) ဝန်းကျင် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်း YDF မှသတင်းအတည်ပြုပါသည်။ YDF တပ်ဖွဲ့ဝင်များ တစ်ဦးမှထိခိုက်ဒဏ်ရာ မရရှိပါ။ ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF) သတင်းနှင့်ပြန်ကြားရေး

ယောဒေသတိုက်ပွဲသတင်းထုတ်ပြန်ချက် Read More »

ကြေညာချက်အမှတ် (၁၁/၂၀၂၁)

မကွေးတိုင်းသေကြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့(MDPDF) နှင့် ယောပြည်သူကာကွယ်ရေးတပ်ဖွဲ့(YDF)တို့ မဟာမိတ်ဖွဲ့စည်းကြောင်း ​ပြည်သူများသို့အသိ​​ပေး သဘောထားထုတ်ပြန်ချက် ကျွန်ုပ်တို့ Yaw Defense Force (YDF) နှင့် Magway Division People Defense Force (MDPDF) တို့သည် အာဏာရှင်စနစ်ပျက်သုန်းရေး၊ ပြည်သူရွေးချယ်တင်မြှောက်သော အစိုးရတရပ် ဖြစ်ပေါ်လာရေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး တန်းတူညီမျှမှု ရရှိရေး တို့အပြင် ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် ဖွဲ့စည်းထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်ထောင်စု ဖက်ဒရယ် နိုင်ငံတော် တည်ဆောက်ရေးတို့ကို ဦးတည်ပြီး တရားသောစစ်ပွဲအား ယုံကြည်ချက်အပြည့်အဝဖြင့် ပါဝင်ဆင်နွှဲသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုကြီး ဖြစ်သည်နှင့်အညီ မဟာလူမျိုးကြီးဝါဒ၊ အစွန်းရောက် လူမျိုးစွဲဝါဒ၊ အစွန်းရောက် ဘာသာရေး

ကြေညာချက်အမှတ် (၁၁/၂၀၂၁) Read More »

Scroll to Top
Scroll to Top