June 11, 2022

ဝမ်းနည်းကြောင်းကြေညာချက် ဇွန်လ ၁၁ ရက်

ဝမ်းနည်းကြောင်းကြေညာချက် ဇွန်လ ၁၁ ရက်

ဝမ်းနည်းကြောင်းကြေညာချက်
 
၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ဂန့်ဂေါမြို့မှ WE LOVE တံတားကိုဖြတ်၍ အနောက်ဂန့်ဂေါသို့ အကြမ်းဖက် စကစတပ် အင်အား ၆၀ ခန့်ဖြင့်ဝင်ရောက်လာရာ YDF တပ်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပါသည်။ ထိုထိတွေ့မှု တိုက်ပွဲတွင် စကစဘက်မှနှစ်ဦးသေဆုံး၍ အလောင်းကို ည ၉ နာရီအချိန်တွင် ကောက်ယူသွားခဲ့သလို မိမိတို့ YDFဘက် မှလည်း အင်အားများသော စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း အာဇာနည် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါသည်။
 
ကျဆုံးသွားသော ရဲဘော် ၂ ဦးအား တိုင်းပြည်အတွက် အသက်ကို ပေးသွားသော အာဇာနည်များအဖြစ် ထာဝရ မှတ်တမ်းတင်ပြီး ဝမ်းနည်းစွာဖြင့် ဂုဏ်ပြုကာ စစ်အာဏာရှင်စနစ်ကို အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း မိမိတို့ YDF မှ အာဇာနည် ၂ ဦးကို တိုင်တည် သစ္စာပြုပါသည်။
 
သတင်းထုတ်ပြန်ရေးဌာန
ဗဟိုဌာနချုပ်
ယောဒေသကာကွယ်ရေးတပ်ဖွဲ့
Scroll to Top
Scroll to Top