
ဝမ်းနည်းကြောင်း သဝဏ်လွှာ
ShweBo Defense Force(SBDF)၏ဦးဆောင်သူ ဗိုလ်သံမဏိသည် ( 9.6.2022 )ရက်နေ့ ဝက်လက်တိုက်ပွဲတွင် ကျဆုံးသွားသည်ကိုကြားသိရသဖြင့် မဟာမိတ်အဖွဲ့အစည်းဖြစ်သော မိမိတို့Yaw Defense Force(YDF)မှများစွာစိတ်မကောင်းဖြစ်ရပါသည်။ မိမိတို့YDFသည် SBDFနဲ့ တော်လှန်ရေးလုပ်ငန်းစဥ်များကို ယနေ့ထိ အချိန်ကြာမြင့်စွာ ပူးတွဲလုပ်ဆောင်ခဲ့ကြပြီး တဖက်နှင့်တဖက် မဟာမိတ်ကောင်းပီသစွာ အပြန်အလှန်ကူညီမှုများ ၊ဖေးမမှုများ၊ သဘောထားကြီးမှုများနှင့် ညီအကိုရင်းသဖွယ် လက်တွဲလုပ်ဆောင်လာခဲ့ကြပါသည်။ မိမိတို့YDFမှ SBDFဦးဆောင်သူ ဗိုလ်သံမဏိ နှင့် ကျဆုံးရဲေဘာ်များ၏ရဲရင့်မှုကိုဂုဏ်ပြုရင်းတော်လှန်ရေး၏မှတ်ကျောက်အဖြစ် အခိုင်အမာမှတ်တမ်းတင်အပ်ပါသည်။