တိုက်ပွဲသတင်းထုတ်ပြန်ချက်
ဇူလိုင်လ ၂ ရက်၊ ၂၀၂၂ ခုနှစ် မနက်ပိုင်း 10:40 မိနစ်ခန့်တွင် ထလင်းရွာထဲမှထွက်လာသော အင်အားနှစ်ရာကျော်ပါစစ်ကြောင်းနှင့် YDF တပ်ရင်း 6/7/8/15 တို့မှ လက်ရွေးစင် ပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ YDFဘက်မှ စခများ စုတတ်သည့်နေရာတွင်ကြိုတင်ထောင်ထားသည့် ရှေ့ထွက်မိုင်းခြောက်လုံးအသုံးပြုတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ကစဉ့်ကလျားတပ်ပျက်နေချိန်တွင် အပေါ်စီးမှနေရာယူပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။ တပ်ပျက်နေချိန်တွင် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
ထိုတိုက်ပွဲမှာ 45 မိနစ်ကျော်ကြာ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ထီးလင်းမြို့ထဲမှ လက်နက်ကြီးပစ်ကူပေးမှုများရှိခဲ့ပါသည်။ စခများပြန်ဆုတ်၍ ထီးလင်းမြို့နားရောက်ချိန်တွင် မြို့ထဲမှကားနှစ်စီး အကြိုလာရပြီး အလောင်းနှင့် ဒဏ်ရာရများတင်သွားပါသည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ တစ်ချို့တပ်သားများသည် သေနတ်နှစ်လက်၊သုံးလက်ထမ်းပိုးရသူများ အတော်များများတွေ့ရပြီး မိုင်းဆွဲသမားများနှင့် ရိုင်ဖယ်သမားများ မျက်မြင်ပြောပြချက်အရ မုန့်ဟင်းခါးပွဲရေ ဆယ့်ငါးပွဲထက်မနည်း ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိပါသည်။ ပွဲရေထပ်တိုးနိုင်ပါသေးသည်။ ထိုတိုက်ပွဲတွင် မိမိတို့ YDF ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး လက်မောင်းထိမှန်(မစိုးရိမ်ရ)ဒဏ်ရာတစ်ယောက်ရရှိခဲ့ပြီး တပ်ဖွဲ့၀င်များအားလုံး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်။
ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်း 6:30 မိနစ်ခန့်တွင် ထန်းပင်ကုန်းရွာအနားတွင်လည်း 10 မိနစ်ခန့်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ထီးလင်းဘက်မှ လက်နက်ကြီးငါးချက်ခန့်ပစ်ကူရာ နှစ်လုံးမှာ ပုဏ္ဏားကျေးရွာစာသင်ကျောင်းအနောက်ဘက်သို့ကျရောက်ပေါက်ကွဲခဲ့ပါသည်။ ထိုတိုက်ပွဲ၏အထိအခိုက်၊အကျအဆုံးကို မသိရှိရသေးပါ။ယမန်နေ့က ပလုံတွီရွာတိုက်ပွဲတွင်ကျဆုံးခဲ့သောမဟာမိတ် CDF ရဲဘော်များ၏သွေးကြွေး ထိုက်ထိုက်တန်တန် ပြန်လည်ပေးဆပ်နိုင်ခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ဗဟိုဌာနချုပ်
ယောဒေသကာကွယ်ရေးတပ်